မိုင်းယု မေ ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အလွတ်တန်းစစ်တုရင်ပြိုင်ပွဲကို ယမန်နေ့က စတင်၍ ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။
စစ်တုရင်ပြိုင်ပွဲကို လူငယ်များအပြင် စစ်တုရင်ယှဉ်ပြိုင်ကစားရန် စိတ်ပါဝင်စားသည့် ပုဂ္ဂိုလ်များလည်းပါဝင်ပြီး စုစုပေါင်း(၁၀)ဦးယှဉ်ပြိုင်ကစားခဲ့ကြကာ ပြိုင်ပွဲ၌ ဆုရရှိသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးမှူးက အမှတ်တရပစ္စည်းများပေးအပ်ခဲ့သည်။
မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် လူငယ်၊ လူရွယ်များဘက်စုံဖွံ့ဖြိုးရေး၊ အကျင့်စာရိတ္တကောင်းမွန်ရေး၊ မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်ရေးအတွက် လူငယ်ရေးရာအသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်ခြင်း၊ ဟောပြောပွဲကျင်းပခြင်း၊ ပြိုင်ပွဲများကျင်းပခြင်းနှင့်လူငယ်ရေးရာအသိပညာပေး နံရံကပ်စာစောင်များလည်း ပြသဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အားချာ