ဒဂုံအရှေ့ မေ ၂၀
မိုးရာသီရောက်ရှိလာပြီဖြစ်သဖြင့် မိုးတွင်းကာလတွင် ဖြစ်ပွားတတ်သောရောဂါများဖြစ်သည့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းကို ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ အမှတ်(၁၀)ရပ်ကွက်၊ နီလာ(၁)လမ်းတစ်လျှောက်ရှိ နေအိမ်တို့၌ ယမန်နေ့မွန်းတည့်ချိန် ၁၂ နာရီက အဆိုပါ ရပ်ကွက်ရှိ နေအိမ်များအတွင်း အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအဖြစ် ဆောင်ရွက်ရာတွင် ခြင်ဆေးမှုတ်ခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေး လုပ်ငန်းများအား မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးကြီးကြပ် (၁)ဒေါ်နှင်းနွယ်အေးနှင့် ဝန်ထမ်းများအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ပေးခဲ့ပြီး ပြည်သူများအား သွေးလွန်တုပ်ကွေး ရောဂါ ကာကွယ်ရေးနည်းလမ်းများဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့် သွေးလွန်တုပ်ကွေးရောဂါအကြောင်း အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
ဝင်းအိမွန်