ဒေါပုံမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌‌ ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

ဒေါပုံ မေ ၂၀

ပြန်ကြား‌ရေးနှင့်ပြည့်သူဆက်ဆံ‌ရေးဦးစီးဌာန၊ ဒေါပုံမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ ကျောင်းသား၊ ကျောင်းသူများအား နွေရာသီကျောင်းပိတ်ရက်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ပိုမိုတိုးတက်မြင့်မားလာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စိတ်ကူးစိတ်သန်းများ ထက်မြက်စေရန် ရည်ရွယ်၍ ဆေးရောင်ခြယ်ပြိုင်ပွဲကို ယမန်နေ့ညနေ ၂ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊‌ ဒေါပုံမြို့နယ် ဒုတိယဦးစီးမှူး ကပြိုင်ပွဲများ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အခြေခံပညာ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက‌ ဆေးရောင်ခြယ်ပြိုင်ပွဲများ ဝင်ရောက် ယှဉ်ပြိုင်ရာ ဆုရရှိသူကျောင်းသား၊ ကျောင်းသူများအား အမှတ်တရ ဆုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သူဇာ၀င်း