မော်လမြိုင်ခရိုင်၌ တောမီးလောင်ကျွမ်းခြင်းနှင့် မီးခိုးမြူငွေ့ ညစ်ညမ်းမှုအကြောင်း ကာကွယ်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ကျင်းပ

မော်လမြိုင် မေ ၁၉

မော်လမြိုင်ခရိုင်၌ ပြည်သူများအနေဖြင့် စားသောက်နေထိုင်နိုင်ရေးအတွက် အသိပညာ ဗဟုသုတများ ရရှိစေရန် ရည်ရွယ်ပြီး ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ တောမီးလောင်ကျွမ်းခြင်းနှင့် မီးခိုးမြူငွေ့ ညစ်ညမ်းမှုအကြောင်း ကာကွယ်‌ရေးအသိပညာပေး (Talk Show)ကို ယမန်နေ့ ညနေပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌  ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အဆိုပါ ဆွေးနွေးပွဲတွင် မော်လမြိုင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဒုတိယဦးစီးမှူး ဒေါ်အေးအေးမွန်နှင့် ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးမှ ဒုတိယဦးစီးမှူး ဦးသက်နိုင်တို့က တောမီးဆိုသည့်အဓိပ္ပါယ်၊ တောမီးလောင်ကျွမ်းရခြင်း၏ အကြောင်းအရင်း၊ မီးခိုးမြူငွေ့ ညစ်ညမ်းမှုအကြောင်း၊ မီးခိုးမြူငွေ့ညစ်ညမ်းမှု ဖြစ်ပွားရသည့်အကြောင်းရင်း၊ နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများ၊ လိုက်နာဆောင်ရွက်သင့်သည့် အချက်များ၊ မီးခိုးမြူငွေ့ ညစ်ညမ်းမှုလျော့ချရမည့် နည်းလမ်းများစသည့် ဗဟုသုတရဖွယ်များကို အသိပညာပေး ဆွေးနွေးခဲ့ကြသည်။

မော်လမြိုင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးအနေဖြင့် ပြည်သူများ ဗဟုသုတရဖွယ် အကြောင်းအရာကဏ္ဍတို့အား အသိပညာပေးဆွေးနွေးပွဲ (Talk Show) များအဖြစ် ရိုက်ကူး တင်ဆက်ပေးလျက်ရှိရာ အဆိုပါဆွေးနွေးပွဲများကို We Love Mawlamyine Page တွင် ဝင်ရောက် ကြည့်ရှု့ လေ့လာနိုင်ပါကြောင်း သိရှိရသည်။

ခင်စန်းမြင့် (ခရိုင်ပြန်/ဆက်)