ကျိုင်းတုံမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျေးလက်ဒေသဖွံ့ဖြိုးရေး သိကောင်းစရာ အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပ

ကျိုင်းတုံ မေ ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ ကျေးလက်ဒေသဖွံ့ဖြိုးရေးသိကောင်းစရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပကြောင်းသိရသည်။

ရှေးဦးစွာ ကျိုင်းတုံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ‌ဒေါ်ခင်သန္တာထွေးက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး ကျိုင်းတုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲခေါင်က မိမိတို့ဌာနအနေဖြင့် ကျိုင်းတုံမြို့နယ်အတွင်း ကျေးလက်အခြေခံအဆောက်အဦများဖွံ့ဖြိုးရေး၊ ကျေးလက်ဒေသသန့်ရှင်းသောသောက်သုံးရေရရှိရေး၊ ကျေးလက်မီးလင်းရေး၊ ကျေးလက်ကုန်ထုတ်လုပ်ငန်းများ၊ လူမှုစီးပွားရေးလုပ်ငန်းများ ဖော်ထုတ်ဆောင်ရွက်ရေး၊ လူ့စွမ်းအားအရင်းအမြစ်များ ဖော်ထုတ်ဆောင်ရွက်ရေးနှင့်  အသိပညာပေးသင်တန်းများဖွင့်လှစ် ဆောင်ရွက်ပေးနေမှုစသည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြသည်။

အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲ အစီအစဉ်အပြည့်အစုံကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် We Love Kyaing Tong Facebook Page တွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)