ရွာငံမြို့နယ်၊ Community Centre ခန်းမတွင် ချည်ထိုး၊ပန်းထိုးနည်းသင်တန်းဖွင့်လှစ်

ရွာငံ မေ ၂၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် အိမ်တွင်းမှုသက်မွေးသင်တန်းကျောင်းနှင့်ပူးပေါင်း၍ ယမန်​နေ့နံနက်ပိုင်းက ချည်ထိုးပန်းထိုးနည်း သင်တန်းဖွင့်လှစ်ခဲ့သည်။

အဆိုပါသင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ပြည့်ဖြိုးသန့်က အိမ်တွင်းမှုသက်မွေးပညာရပ်အနေဖြင့် လက်မှုပညာရပ်များကို တတ်မြောက်စေပြီး တစ်ဖက်တစ်လမ်းက ဝင်ငွေတိုးစေရန်အတွက် သက်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်းပြောကြားသည်။ အိမ်တွင်းမှုသက်မွေးသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးစိုးမူက ချည်ထိုးနည်းကိုသင်ကြားပြသပေးပြီး သင်တန်းသူ (၁၅)ဦးမှ တက်ရောက်သင်ကြား ကြကြောင်းသိရသည်။

ဆက်လက်၍ အိမ်တွင်းမှုသက်မွေးကျောင်းမှ ဆရာမ ဒေါ်ညိုညိုမာနှင့် ဒေါ်ဝင်းမာသင်းတို့ကလည်း အရိပ်ပန်းထိုးနည်းကို သင်ကြားပြသသွားမည်ဖြစ်ပါကြောင်းနှင့် သင်တန်းကာလ ၂ ရက်ကြာ သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည့်ဖြိုးသန့်