လားရှိုးတက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကျင်းပ

လားရှိုး မေ ၁၉

၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ(၂)နာရီအချိန်က လားရှိုးတက္ကသိုလ်၊ ကမ္ဘောဇခန်းမတွင်ကျင်းပရာ လားရှိုးတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြသည်။

မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားတွင်ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်း/မြောက်)ဥက္ကဋ္ဌဦးမျိုးကျော် နှင့် လားရှိုးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဌေးအောင်တို့က ကြိုဆိုနှုတ်ခွန်းဆက်စကား အသီးသီးပြောကြားပေးခဲ့သည်။ ထို့နောက် ပါမောက္ခ(ဌာနမှူး) ဒေါက်တာဖြူဖြူ (မြန်မာစာဌာန)က ဝိဇ္ဇာဘာသာရပ်များနှင့်ပတ်သက်၍ သိကောင်းစရာများအားလည်းကောင်း၊ ပါမောက္ခ(ဌာနမှူး) ဒေါက်တာ နွယ်နွယ်နှင်း (ရုက္ခဗေဒဌာန)က သိပ္ပံဘာသာရပ်နှင့် ပတ်သက်၍ သိကောင်းစရာများအားလည်းကောင်း၊ သင်တန်းရေးရာ (ဌာနမှူး) ဒေါက်တာခင်စောလှိုင်က ကျောင်းစည်းကမ်းဆိုင်ရာများနှင့်ပတ်သက်၍လည်းကောင်း အသီးသီးရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား လားရှိုးတက္ကသိုလ်၊ သင်ကြား/စီမံဌာနများမှ ပါမောက္ခ (ဌာနမှူး) များ၊ ပါမောက္ခများနှင့်မိတ်ဆက်ပေးပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။

    စိုင်းအောင်ကျော်စိုး