ကလော မေ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့နည်းပပျောက်စေရေးအတွက်ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီအချိန်ကမှစတင်၍ ကလောမြို့ပေါ်ရှိ ပြည်သူများအား တတိယအကြိမ်ကာကွယ်ဆေးထိုးနှံကြသူများနှင့် ကာကွယ်ဆေးမထိုးနှံရသေးသူများကို ကလောမြို့နယ်ခန်းမ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ထိုးနှံပေးရာတွင်မြို့နယ် ကိုဗစ်-၁၉ရောဂါ၊ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုန့်ပြန်ရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ကာကွယ်ဆေးလာရောက်ထိုးနှံသူများအား စာရင်းမှတ်တမ်းရေးသွင်းကောက်ယူခြင်း၊ ကျန်းမာရေးဌာနမှဝန်ထမ်းများက ကာကွယ်ဆေးများကို စနစ်တကျဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို မေလ ၁၉ရက်၊ ၂၀ရက်နှင့် ၂၃နေ့အထိ ကလောမြို့နယ်အတွင်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဝင်း(ကလော)