ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်တင်ပွဲနှင့် ပညာရေးဒီဂရီကောလိပ်၊ မြစ်ကြီးနားတက္ကသိုလ်တို့တွင် တက်ရောက်‌ပညာ သင်ကြားကြမည့် မောင်မယ်သစ်လွင်များအားကြိုဆိုအားပေး

မြစ်ကြီးနား မေ ၁၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊  ပြည်နယ်အဆင့် ကျောင်းအပ်နှံရေး သီတင်းပတ် ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှေ့၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်ဝန်ကြီးများ တက်ရောက်ဖွင့်လှစ်ပေးကြသည်။

ရှေးဦးစွာ ဇွန်လ (၂)ရက်နေ့တွင် ကျောင်းစတင် ဖွင့်လှစ်သင်ကြားမည်ဖြစ်ရာ မေ ၂၆ ရက်မှ ဇွန် ၁ ရက်နေ့အထိ ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်ကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဖဲကြိုးဆွဲဖွင့်လှစ်ပေးပြီး ပြည်နယ်ဝန်ကြီးများနှင့် အတူ ဆိုင်းဘုတ်ကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဆရာအတတ်သင် ပညာဦးစီးဌာန၊ မြစ်ကြီးနား ပညာရေးဒီဂရီကောလိပ်တွင် ၄ နှစ်သင် ပထမနှစ် (ဒုတိယနှစ်ဝက်) နှင့် (ပထမနှစ်ဝက်) ကျောင်းသား/ကျောင်းသူများ ၁၈၅ ဦးတို့အား ကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ် ဝန်ကြီးချုပ်က ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား မိမိတို့ နိုင်ငံတော်ကြီး ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ရေး မောင်မယ် သစ်လွင်များအနေဖြင့် အသိပညာ၊ အတတ်ပညာများကို ကြိုးစားသင်ယူကြဖို့ အထူးမှာကြား လိုပါကြောင်း၊ ပညာသင်ကြားစဉ် ကာလအတွင်းမှာလည်း တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ နှင့် မအပ်စပ်သော၊ မလုပ်သင့်သော အကြောင်းအရာများကို ရှောင်ရှားပြီး မိမိတို့စိတ်ရောကိုယ်ပါ ကျန်းမာကြံ့ခိုင်ရေး၊ ဗဟုသုတဖွံ့ဖြိုးတိုးတက်ရေး၊ အသိပညာအတတ်ပညာများ ကျွမ်းကျင်ပြည့်ဝ ရေးတို့အတွက် ကြိုးစားရှာဖွေကြရမည်ဖြစ်ကြောင်း တိုက်တွန်းအားပေးပြောကြားသည်။

ထို့နောက် ကျောင်းအုပ်ဆရာမ ဒေါ်ဥမ္မာမြင့်က မောင်မယ်သစ်လွင်များအား ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများက တက်ရောက်ပညာသင်ကြားကြမည့် မောင်မယ်သစ်လွင်ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးခဲ့ကြသည်။

အလားတူ မြစ်ကြီးနားတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် (၂၀၂၀ ခုနှစ်တက္ကသိုလ်ဝင်တန်း အောင်) ပထမနှစ်သင်တန်းသို့ အထူးပြုဘာသာရပ်အသီးသီးတွင် တက်ရောက်နေကြသည့် ကျောင်း သား/ကျောင်းသူ မောင်မယ်သစ်လွင် ၃၁၂ ဦးတို့အား ကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က အားပေးအမှာစကားပြောကြားသည်။

ထို့နောက် မြစ်ကြီးနားတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာအေးအေးသန့်က မောင်မယ် သစ်လွင်များအား ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ပြည်နယ်တရားလွှတ်တော် တရားသူ ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပါမောက္ခ၊ ပါမောက္ခ(ဌာနမှူးများ)၊ စီမံဌာန အကြီးအကဲများက တစ်ဦးချင်း မိတ်ဆက်ကြိုဆိုခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က မောင်မယ် သစ်လွင်ကျောင်းသား/ကျောင်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။

ပြည်နယ်ပြန်/ဆက်