မိုင်းကိုင် မေ ၁၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ Community Centre ၌ ယနေ့ မေလ ၁၉ ရက်နေ့ မနက်ပိုင်းတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ တစ်ရပ်ကျင်းပပြုလုပ်ခဲ့ရာ လူငယ်လူရွယ်များ၊ ကျန်းမာရေးဌာနမှ ကျန်းမာရေးကြီးကြပ်-၂ နှင့် အရန်သားဖွား ဆရာမများ စုစုပေါင်း အင်အား ၅၀ ဦး တက်ရောက်ခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး (ကိုယ်စား) ရဲအုပ်ကျော်လင်းက ယာဉ်စည်းကမ်းလမ်းစည်း ကမ်းထိန်းသိမ်းရေး အသိပညာပေးအကြောင်းအရာများ၊ မြို့နယ်ဥပဒေအရာရှိ ဦးဇေယျာကျော်က လူငယ်ရေးရာနှင့် ရာဇဝတ်မှုများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်နန်းလှိုင်လှိုင်ဦးက လူငယ်နှင့် ဗလငါးတန်ဖွံ့ဖြိုးရေး ခေါင်းစဉ်များဖြင့် အသီးသီး အသိပညာပေးဟောပြောခဲ့ရာ တက်ရောက်လာသူ လူငယ်လူရွယ်များက မိမိတို့၏အမြင်များ သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေး နံရံကပ်စာစောင်၊ ဓာတ်ပုံပြခန်းနှင့် စာအုပ်စာစောင်များကို ဆက်လက်ခင်းကျင်းပြသကာ လူငယ်များ အသိပညာ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်