လားရှိုး မေ ၁၉
၂၀၂၂ ခုနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅)နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပပြုလုပ်နိုင်ရေးအစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီအချိန် က လားရှိုးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အခမ်းအနားသို့ လားရှိုးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦးနှင့် ပြိုင်ပွဲကျင်းပပြုလုပ်ရေး ကော်မတီဝင်များတက်ရောက်ကာ ပြိုင်ပွဲကိုအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ကော်မတီအလိုက် ဆွေးနွေးခဲ့ကြသည်။
၂၀၂၂ ခုနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၊ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ မြို့နယ်ပေါင်းစုံ အသက် (၂၅)နှစ် အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲကို မေလ (၂၅) ရက်နေ့မှ (၃၀)ရက်နေ့အထိ လားရှိုးမြို့ မိုးလုံလေလုံ အားကစားရုံတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲသို့ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များမှ အသင်း(၅၆)သင်း ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)