မိုင်းရယ်တွင် မြို့နယ်အဆင့် ကျောင်းအုပ်ကြီးများ စွမ်းဆောင်ရည်မြှင့်သင်တန်း ဖွင့်လှစ်ပို့ချ

မိုင်းရယ် မေ ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့တွင် မြို့နယ်အဆင့် ကျောင်းအုပ်ကြီးများ စွမ်းဆောင်ရည်မြှင့်သင်တန်းကို ယနေ့နံနက် ၉ နာရီခွဲက မိုင်းရယ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်သည်။

ရှေးဦးစွာ မိုင်းရယ်မြို့နယ် ဒုတိယမြို့နယ်ပညာရေးမှူး ဦးမျိုးဇော်ဦးက အဖွင့်အမှာစကားပြောကြားပြီး စွမ်းဆောင်ရည်မြှင့်သင်တန်းကို ဖွင့်လှစ်ပို့ချရာ မိုင်းရယ်မြို့နယ်ရှိ အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်း (၉၈)ကျောင်းမှ သင်တန်းသား/သူ ကျောင်းအုပ် ဆရာ/မ စုစုပေါင်း (၉၈)ဦး တက်ရောက်ခဲ့ကြပြီး အဆိုပါသင်တန်းကို နည်းပြ (၅)ဦးဖြင့် သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။

သင်တန်းတွင် စီမံဘဏ္ဍာ၊ ပညာရေး၊ သင်ကြားရေး၊ စီမံကိန်းနှင့် စာရင်းအင်းအတတ်ပညာများကို ပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျော်ဇင်ထိုက်