တောင်သာ မေ ၁၉
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် ရှေးဦးပြုစု ခြင်း(အခြေခံ)သင်တန်းဆင်းပွဲအခမ်းအနားကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက်(၉) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းဆင်းပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်ကေခိုင်က ပြောကြားရာတွင် သင်တန်း၌ သင်ပြထားသည့်သင်ခန်းစာများအား မှတ်သား ထားသင့်ပါကြောင်း၊ မိမိရှေ့တွင် ဒုက္ခရောက်နေသူအား လူသားချင်းစာနာထောက်ထားပြီး ကူညီ ရိုင်းပင်းတတ်စေရန်ရည်ရွယ်၍ ဒီသင်တန်းကိုဖွင့်လှစ်ခြင်းဖြစ်၍ သင်တန်းတက်ရောက်လာသူ များအနေဖြင့် ရှေးဦးပြုစုခြင်းနည်းလမ်းများဖြင့် ကူညီဆောင်ရွက်ပေးနိုင်ပြီဖြစ်ကြောင်း ရှေးဦးပြုစုခြင်း နည်းလမ်းများဖြင့် လက်တွေ့နယ်ပယ်တွင်အကျိုးရှိစွာ အသုံးချစေလိုကြောင်း ပြောကြားသည်။ ထို့နောက် ကြက်ခြေနီတပ်ဖွဲ့မှ တပ်ဖွဲ့မှူးမောင်ငွေက ပြောကြားရာတွင် ရှေးဦး ပြုစုခြင်းပညာဟာ လူတိုင်းတတ်ထားသင့်ပါကြောင်း၊ မိမိတို့ကြက်ခြေနီအသင်း၏ ရည်ရွယ်ချက်မှာ တစ်အိမ်လျှင် တစ်ယောက် တတ်ထားရမည်ဖြစ်ပါကြောင်းနှင့် ယခုလို သင်တန်းမျိုးသည် ပြည်သူ့အတွက် အကျိုးရှိစေသည့် သင်တန်းဖြစ်ပါသဖြင့် အမြို့မြို့အနယ်နယ်မှာလည်း ဖွင့်လှစ်ပါက ပိုမိုအကျိုးရှိစေမှာဖြစ်ပါကြောင်းစသည်ဖြင့် ပြောကြားခဲ့သည်။
ယင်းသင်တန်း၌ ကြက်ခြေနီအကြောင်း သိကောင်းစရာများ၊ အရိုးကျိုးခြင်း(၂)မျိုးဖြစ်သည့် အပိတ်ကျိုးခြင်း၊ အဖွင့်ကျိုးခြင်း၊ အခြေခံအသက်ကယ် အထောက်အကူပြုနည်း (CPR)၊ လူနာသယ် ဆောင်နည်းများ၊ ဦးခေါင်းဒဏ်ရာစည်းနည်း၊ မေရိုးကျိုးစည်းနည်း၊ တံတောင်ဆစ် စည်းနည်း၊ ပခုံးရိုး စည်းနည်း၊ Rice စည်းနည်း၊ ပတ်တီးလိပ်စည်းနည်းဖြစ်သည့် လက်ဖမိုး လက်ဖဝါးစည်းနည်း၊ တံတောင်ဆစ်စည်းနည်း၊ အပူလောင်ခြင်း၊ သွေးယိုစီးခြင်း၊ သတ္တဝါများနှင့် ပိုးမွှားများ တုပ်ခြင်း ကိုက်ခြင်း၊ အထွေထွေအရေးပေါ် အခြေအနေများစသည်များအား နည်းပြများမှ သင်တန်း တစ်လျှောက်လုံး စိတ်အားထက်သန်စွာ စာတွေ့လက်တွေ့သင်ကြားပြသလို တက်ရောက်ကြသည့် သင်တန်းသား/သူများမှာလည်း စိတ်ပါဝင်စားစွာ လက်တွေ့ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသင်တန်းကို တောင်သာမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တပ်ဖွဲ့မှူးမောင်ငွေ၊ ဒုမြို့နယ်တပ်ဖွဲ့မှူး ကိုကိုလေး၊ ဒေါ်စန်းဝေ(ကော်မတီအဖွဲ့ဝင်)တို့မှ နည်းပြအဖြစ် ဆောင်ရွက်ခဲ့ကြပြီး ယင်းသင်တန်းကို အနောက်ရပ်(အလက)ကျောင်းသား/သူများ၊ ရပ်ကွက်နေဝါသနာရှင် လူငယ်လူရွယ်များ(၁၆)ဦး တက်ရောက်ကြရာ နေ့စဉ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သင်တန်းနားချိန်၌ အချိုရည်၊ မုန့်များ ဧည့်ခံကျွေးမွေးခြင်း၊ သင်တန်းအတွက် လိုအပ်သော သင်ထောက်ကူပစ္စည်းများ ပံ့ပိုးပေးခဲ့ကြောင်းနှင့် သင်တန်းတွင် အရည်အချင်းစစ်စာမေးပွဲ စာတွေ့ လက်တွေ့ စစ်ဆေးပြီးနောက် သင်တန်းအောင်လက်မှတ်များ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)