ပြင်ဦးလွင် မေ ၁၉
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်ခရိုင်ပညာရေးမှူးရုံးက ကြီးမှူးကျင်းပသော “ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်မြေစိုက်ပိုစတာစိုက်ထူပွဲ “ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက လွတ်လပ်ရေးကျောက် တိုင်ကွင်း၊ ပြင်ဦးလွင်မြို့၌ ကျင်းပပြုလုပ်သည်။
အဆိုပါ " ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့" မြေစိုက်ပိုစတာစိုက်ထူပွဲ အခမ်းအနားသို့ ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စားခေတ္တဥက္ကဋ္ဌ ဦးသန့်ဇော်ဦးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပြင်ဦး လွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်အောင်လွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဒေါက်တာဒေါ်ရွှေစင်အိ၊ မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းနွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန် ရှိသူများ၊ ဆရာ/ဆရာမများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံခြင်းကို မေလ(၂၆) ရက်နေ့မှ ဇွန်လ(၁)ရက်နေ့အထိ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)