ဟိုပန် မေ ၁၉
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ “ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ခွင့်ရရှိဖို့ကျောင်းအပ်နှံကြပါစို့” ကျောင်းအပ်နှံရေးသီတင်းပတ်ဆိုင်းဘုတ်စိုက်ထူပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က ဟိုပန်ခရိုင်၊ ဟိုပန်မြို့၊ လွတ်လပ်ရေးကျောက်တိုင်အနီးတွင်ပြုလုပ်ရာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်နှင့် အဖွဲ့ဝင်များ၊ တိုင်း/ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြသည်။
ပထမဦးစွာ မြို့နယ်ပညာရေးမှူးနှင့်ဆရာများက ကျောင်းအပ်နှံရေးသီတင်းပတ်ဆိုင်းဘုတ်ကိုစိုက်ထူပေးပြီး “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးညီနပ်နှင့် တာဝန်ရှိသူများက ဆိုင်းဘုတ်ကို အမွှေးနံ့သာရည်ဖြင့် ဖျန်းပက်ပေးကာ စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
ဟိုပန်မြို့နယ်တွင် အထက်တန်းကျောင်း(၃)ကျောင်း၊ အထက်တန်းကျောင်းခွဲ(၂)ကျောင်း၊ အလယ်တန်းကျောင်း(၁)ကျောင်း၊ မူလတန်းလွန်ကျောင်း(၈)ကျောင်း၊ မူလတန်းကျောင်း(၂၃)ကျောင်း ရှိပြီး မေလ(၂၆)ရက်နေ့မှစတင်ကာ ဇွန်လ(၁)ရက်နေ့ထိ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
ခရိုင်ပြန်/ဆက်