ပညာရေး ဒီဂရီကောလိပ်၊ ပထမနှစ် (ဒုတိယနှစ်ဝက်) နှင့် ပထမနှစ် (ပထမနှစ်ဝက်) သင်တန်း ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုပွဲအခမ်းအနားကျင်းပ

ချမ်းအေးသာစံ မေ ၁၉

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပညာရေးဒီဂရီကောလိပ်တွင် ပထမနှစ် (ဒုတိယနှစ်ဝက်) နှင့် ပထမနှစ် (ပထမနှစ်ဝက်) သင်တန်း ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ကျင်းပသည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးက ဂုဏ်ပြုကြိုဆို အမှာစကားပြောကြားပြီး မန္တလေးပညာရေး ဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးမိုးကြည်က ကြိုဆိုနှုတ်ဆက်စကား ပြောကြားခဲ့သည်။ ထို့နောက် သင်တန်း သား၊ သင်တန်းသူများက အကအလှများဖြင့် ဖျော်ဖြေခဲ့ကြကာ စီးပွားရေးရာ ဝန်ကြီးနှင့်အဖွဲ့ သည် သင်တန်းသား၊ သင်တန်းသူများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေး၊ မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဆန်းအောင်၊ မန္တလေးပညာရေး ဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးမိုးကြည်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်း သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မန္တလေးပညာရေး ဒီဂရီကောလိပ်ကို မေလ ၁၂ ရက်နေ့မှ စတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိရာ ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သော ပထမနှစ် (ပထမနှစ်ဝက်) တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူ ၁၀၀ ဦးကျော်ရှိကြောင်း၊ ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်တွင် တက်ရောက်ဆဲဖြစ်သော ပထမနှစ် (ဒုတိယနှစ်ဝက်) ကျောင်းသား၊ ကျောင်းသူ ၅၀ ကျော် ရှိကြောင်း သိရသည်။

ထိပ်ထားနိုင်