မန္တလေး မေ ၁၉
မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် မေ ၁၉ နံနက်၇နာရီက ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြစို့ ဆိုင်းဘုတ်အားစိုက်ထူခဲ့ကြောင်း သိရသည်။
အဆိုပါ ဆိုင်းဘုတ်စိုက်ထူခြင်းအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးဒေါ်နှင်းမူနှင့် ကျောင်းအုပ်ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြပြီး ကျောင်းအပ်နှံရေးသီတင်းပတ်မှာ မေလ ၂၆ ရက်နေ့မှဇွန်လ ၁ ရက်နေ့ထိဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)