ဒက္ခိဏသီရိ မေ ၁၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာ စိုက်ထူပွဲကို ယနေ့နံနက် (၈)နာရီခွဲအချိန်တွင် ရန်အောင်မြင်ကျေးရွာ ဈေးလမ်းဆုံတွင်ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဦးဇော်ဝိတ်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးဘုန်းသန့်ကျော်၊ ဦးအေးမင်းထွန်း၊ ရန်အောင်မြင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးထွန်းငွေ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်မိရပ်ဖများတက်ရောက်ကြသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာဆိုင်းဘုတ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးဇော်ဝိတ် ၊ဒုတိယမြို့နယ်ပညာရေးမှူး ဦးဘုန်းသန့်ကျော်၊ ဦးအေးမင်းထွန်းနှင့် တာဝန်ရှိသူများက စိုက်ထူပေးခဲ့ကြသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက်မြန်မာတစ်နိုင်ငံလုံးရှိ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေး သီတင်းပတ်ကို မေလ(၂၆)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့အထိ သတ်မှတ်ထားပြီး အဆိုပါ ကာလအတွင်း အတန်းအားလုံးကျောင်းအပ်နှံကြရန်နှင့် ကျောင်းအပ်နှံရာတွင် မည်သည့်အခကြေးငွေမျှ ကောက်ခံမှုမရှိကြောင်း၊ ကျောင်းအပ်နှံသည့် ကျောင်းသားအားလုံးကို ပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်များနှင့်ခဲတံများကို အခမဲ့ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ဒက္ခိဏသီရိမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)