စဉ့်ကူး မေ ၁၉
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ် ပညာရေးမှူးရုံးက ကြီးမှူးကျင်းပသော ၂၀၂၂-၂၀၂၃ ပညာ သင်နှစ်ကျောင်းအပ်နှံရေး ရက်သတ္တပတ် ပိုစတာစိုက်ထူပွဲ အခမ်းအနားကို ယနေ့နံနက် ၆ နာရီခွဲက စဉ့်ကူးမြို့လမ်းဆုံ မြို့အဝင်၌ ကျင်းပ ပြုလုပ် သည်။
အဆိုပါ "၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့" ပိုစတာစိုက်ထူပွဲ အခမ်း အနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးသော်တာထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်သန္တာအောင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံခြင်းကို မေလ(၂၆)ရက်မှ ဇွန်လ(၁)ရက်နေ့အထိ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်းနှင့် ဇွန်လ (၂)ရက်နေ့မှ စတင်၍ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တင်ဇာလွင် (ပြန်/ဆက်)