ပုဗ္ဗသီရိမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာစိုက်ထူ

ပုဗ္ဗသီရိ မေ ၁၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာ စိုက်ထူပွဲကို ယနေ့နံနက် ၈ နာရီခွဲ အချိန်က သံလွင်လမ်းနှင့် ယုဇနလမ်းထောင့် ပုဗ္ဗသီရိဈေးအနီးတွင်ကျင်းပရာ ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာအား မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌဦးစိန်ကြည်၊ မြို့နယ်ပညာရေးမှူးဒေါ်စန်းစန်းအေးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက စိုက်ထူပေးခဲ့သည်။       

၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက်မြန်မာတစ်နိုင်ငံလုံးရှိ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေး သီတင်းပတ်ကို မေလ(၂၆)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့အထိ သတ်မှတ် ထားပြီး အဆိုပါကာလအတွင်း အတန်းအားလုံးကျောင်းအပ်နှံကြရန်နှင့် ကျောင်းအပ်နှံရာတွင် မည်သည့်အခကြေးငွေမျှ ကောက်ခံမှုမရှိကြောင်း၊ ကျောင်းအပ်နှံသည့် ကျောင်းသားအားလုံးကို ပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်များနှင့်ခဲတံများကို အခမဲ့ထောက်ပံ့ပေးသွား မည်ဖြစ်ကြောင်း ပုဗ္ဗသီရိမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မျိုးသီဟ(ပြန်/ဆက်)