တွံတေး မေ ၁၉
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ပညာရေးစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ယုဇနခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်မြင့်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဇာနည်မောင်တို့က အမှာစကားများ ပြောကြားခဲ့ပြီး မြို့နယ်ကျောင်းကျန်းမာရေးဆရာဝန် ဒေါက်တာမိုးမိုးစံက၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းများ၌ ကလေးများ သွေးလွန်တုပ်ကွေးရောဂါ ကင်းဝေးစေရေး ပါဝင်ဆွေးနွေးခဲ့သည်။
ဆက်လက်၍ အခမ်းအနား ဒုတိယပိုင်းကို ကျင်းပရာ တိုင်းအဆင့် ပညာရေးစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သော မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်မြချို၊ အ.ထ.က(သဝန်းတော) ကျောင်းအုပ်ကြီး ဆရာကြီးဦးခင်ဇော်ညွန့်၊ အ.ထ.က(အလယ်ချောင်း)မှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာဇင်မာဝင်း၊ အ.ထ.က(ကံဘဲ့)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သောင်း၊ အ.ထ.က( အလယ်စု)ကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်သင်းသင်းအောင်တို့က မေ ၁၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပသွားမည် ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ တွံတေးမြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းပေါင်း (၂၁၅)ကျောင်းမှ ကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီးများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
တွံတေးသား