ကျောက်ပန်းတောင်း မေ ၁၉
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အတွက် “ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုင်းဘုတ်များ စိုက်ထူပွဲကို ယနေ့နံနက် (၈) နာရီခွဲအချိန်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းဝန်းရှေ့တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိစေရန်အတွက် “ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” အသိပညာပေးဆိုင်းဘုတ်များကို နေရာ(၃)နေရာတွင် စိုက်ထူ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆိုင်းဘုတ်စိုက်ထူပွဲများကို မြို့နယ်ပညာရေးမှူးရုံး၏ အစီအစဉ်ဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မီးသတ်နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ အင်အား(၃၀)ဦး၊ မြို့နယ်ပညာရေးမှူး ဒေါ်မော်မော်နှင့် ဒုတိယမြို့နယ်ပညာရေးမှူး၊ လက်ထောက်ပညာရေးမှူးများ၊ အခြေခံပညာ ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများ အင်အား(၂၀)ဦး စုစုပေါင်းအင်အား (၅၀) ဦးတို့ တက်ရောက်ခဲ့ကြကာ၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းဝန်းရှေ့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်းနှင့် မြို့ရှေ့အခြေခံပညာအထက် တန်းကျောင်းဝန်းအတွင်းတို့တွင် စိုက်ထူခဲ့ကြခြင်းဖြစ်ကြောင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင် နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးဒေါ်မော်မော်နှင့် ပညာရေးဝန်ထမ်းများက စိုက်ထူပေးခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)