ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုဒေသဆန်ရိက္ခာ ဖူလုံရေး စပါးမျိုးပြောင်းလဲစိုက်ပျိုးမည့် တောင်သူများအတွက် ဆင်းဧကရီ-၃ မျိုးကောင်းမျိုးသန့်များ ထောက်ပံ့ပေးအပ်ခြင်း၊ ဖုန်ကန်ရာဇီ ရေခဲ‌တောင်သွားလမ်း ဆောင်ရွက်မှုအခြေအနေအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်

မြစ်ကြီးနား မေ ၁၉

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပူတာအိုခရိုင်အတွင်း ဆန်ရိက္ခာဖူလုံရေးနှင့် စိုက်ပျိုးရေးကဏ္ဍ တိုးတက်မြင့်မားလာစေရေးအတွက် အထွက်တိုး စပါးမျိုး ပြောင်းလဲစိုက်ပျိုးမည့် တောင်သူများအတွက် မျိုးကောင်းမျိုးသန့်များ မျိုးစေ့များ ထောက်ပံ့‌ပေးအပ်ခြင်းနှင့် မိုးစပါး ဘောင်ပျိုး စနစ်ဖြင့် မျိုးထောင်ခြင်း ကွင်းသရုပ်ပြပွဲကို မေ ၁၇ ရက် နံနက်ပိုင်း ၉ နာရီက ပူတာအိုမြို့ မက်ပန်ကွင်းအတွင်း ကျင်းပပြလုပ်သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧည့်ခန်းမဆောင်၌ ခရိုင်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများတွင် တတ်ကြွစွာ ပူးပေါင်းပါဝင်ပြီး အလှူ ငွေကျပ်သိန်း ၅၀ ကို လှူဒါန်းခဲ့သည့် အလှူရှင်အား အသိအမှတ်ပြု ချီးကျူးဂုဏ်ပြု မှတ်တမ်းလွှာကို ချီးမြှင့်ပေးအပ်ခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်ရှိ စိုက်ပျိုးရေးဦးစီးဌာနပိုင် မက်ပန်ကွင်းအတွင်း တောင်သူများနှင့် အတူ အထွက်တိုးစပါး မျိုးကောင်း မျိုးသန့်များ ပြောင်းလဲစိုက်ပျိုးမည့် တောင်သူများအတွက် နည်းစနစ်ကျစိုက်ပျိုးနည်း အသိ ပညာပေးခြင်းနှင့် ကွင်းသရုပ်ပြပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးဌေးလွင်က ပူတာအိုခရိုင် အတွင်း ဒေသဝမ်းစာဖူလုံစေရေး ဆောင်ရွက်သွားနိုင်သည့် အစီအမံများ၊ မိရိုးဖလာစိုက်ပျိုး နည်းစနစ်မှ သိပ္ပံနည်းကျစနစ်ကျ စိုက်ပျိုးနိုင်ရေး လိုက်နာကျင့်ကြံဆောင်ရွက်သွားရမည့် နည်းလမ်း များနှင့် ခရိုင်ဦးစီးမှူးက ဆင်းဧကရီ-၃ အထွက်တိုး မျိုးကောင်းမျိုးသန့်စပါးအား ဘောင်ပျိုးထောင် စိုက်ပျိုး နည်းစနစ်ဖြင့် စနစ်တကျကို စိုက်ပျိုးနိုင်ရေး လိုက်နာဆောင်ရွက်သွားရမည့် နည်းလမ်းများ နှင့် ပတ်သက်၍ တက်ရောက်လာကြသည့် တောင်သူများအား အသိပညာပေး ရှင်းလင်းဆွေးနွေး တင်ပြကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုဒေသတွင် လက်ရှိဆန်ရိက္ခာလိုအပ်ချက် ဖြစ်ပေါ်လျက် ရှိသည့် အခြေအနေအပေါ် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် (၃)နှစ်အတွင်း ဒေသဝမ်းစာ ဖူလုံရေး အထွက်တိုး မျိုးစပါးပြောင်းလဲစိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးရာတွင် နည်းလမ်းတကျ၊ စနစ်တကျ စိုက်ပျိုးနိုင်ရေးတို့အတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဒေသခံတောင်သူများ အားလုံးက မိမိတို့နှင့် အတူတကွ ဝိုင်းဝန်းလက်တွဲ၍ ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်း မှာကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က အထွက်တိုးမျိုးစပါး ဆင်းဧကရီ-၃ ပြောင်းလဲ စိုက်ပျိုးကြမည့် တောင်သူများအတွက် ဆင်းဧကရီ-၃ မျိုးသန့်စပါးတင်း ၁၅၀၀ တင်းနှင့် ပြည်နယ် ဦးစီးမှူးက တောင်သူများအတွက် ဟင်းသီး/ဟင်းရွက်မျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ၏ မိုးစပါးဘောင်ပျိုး စနစ်ဖြင့် ပျိုးထောင်ခြင်း ကွင်းတွင်းသရုပ်ပြသစိုက်ပျိုးမှုကို တောင်သူများနှင့်အတူ ကြည့်ရှုအားပေး ခဲ့ကြပြီး စိုက်ပျိုးရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေများကို ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ထို့နောက် ပူတာအိုမြို့ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာ‌ရေးလေ့ကျင့်ရေးဦးစီးဌာန၊ အမျိုး သမီးအိမ်တွင်းမှု သက်မွေးပညာသင်တန်းကျောင်း၌ အဆင့်မြင့်စက်ချုပ်ပညာသင်တန်း သင်ကြား ပေးနေမှုအခြေအနေများ၊ သင်တန်းသူများအား ရင်းနှီးနွေးထွေးစွာ နှုတ်ဆက်အားပေးခဲ့ကြပြီး သင်တန်း သူအိပ်ဆောင်၊ စားရိပ်သာတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကာ ဝန်ထမ်းများ အတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မိုးလုံလေ လုံအားကစားခန်းမ၌  ကလပ်ပေါင်းစုံအမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲ ယှဉ်ပြိုင် နေမှုနှင့် အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုတို့ကို ကြည့်ရှုအားပေးခဲ့ကြပြီး ဒိုင်အဖွဲ့ဝင်များ၊ အကအဖွဲ့များနှင့် ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရအသင်းများအား ဆုဖလား၊ ဆုတံဆိပ် နှင့် ငွေသားဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကာ ခရိုင်အတွင်းရှိ မြို့နယ်(၅) မြို့နယ်မှ သက်ဆိုင်ရာ မြို့နယ်မှူးများထံ အားကစားပစ္စည်းမျိုးစုံကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ယင်းနောက် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပူတာအိုမြို့နယ်အတွင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် အထက်ဆန်ဂေါင်-လုံနဒမ်း-ဇီယာဒမ်းလမ်း (ဖုန်ကန်ရာဇီရေခဲတောင်သွားလမ်း) လုပ်ငန်းခွင်သို့ သွားရောက်ခဲ့ကြပြီး ရှင်းလင်းဆောင်၌ အဆိုပါ လမ်းပိုင်းနှင့် စပ်လျဉ်း၍ လမ်းအရှည် ၂၄ မိုင် အတွင်း ကျေးရွာ(၈)ရွာ၊ အိမ်ခြေ (၃၈၂)အိမ်၊ လူဦးရေ (၁၁၃၉)ဦးတို့အား အကျိုးပြုသည့် လမ်းဖြစ်သည့်အပြင် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးရေးအတွက် များစွာအကျိုးဖြစ်ထွန်းစေသည့် လမ်းဖြစ်ကြောင်းနှင့် လုပ်ငန်း ဆောင်ရွက်နေမှု ဆောင်ရွက်စီးမှုးအခြေအနေများကို တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများ အပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုဒေသအတွင်း ကျေးလက်နေပြည်သူများကို များစွာ အကျိုး ဖြစ်ထွန်းစေသည့်အပြင် ရေခဲတောင်သွားလမ်းတစ်ခုဖြစ်သည့်အတွက် Eco Tourism လုပ်ငန်းပါ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သောကြောင့် လုပ်ငန်းများ အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်သွားနိုင် ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေ များကို  ပေးအပ်ခဲ့ကြသည်။

ထိုမှတစ်ဆင့် ပူတာအိုလွင်ပြင်ပတ်လမ်းအတွင်းရှိ နန့်ပလပ်ချောင်းကူးတံတား တည်ဆောက် လျက်ရှိသည့် စီမံကိန်းနေရာသို့ သွားရောက်ပြီး တံတားအရှည် ၂၄၀ ပေရှိ ကွန်ကရစ်တံတားတည် ဆောက်နေမှုအခြေအနေများနှင့် စပ်လျဉ်း၍ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ ၏ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က တံတားတည်ဆောက်ရာတွင် ချောင်းရေတိုက် စားမှုအခြေအနေနှင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကို စိစစ်တွက်ချက်ပြီး အမြန်ဆုံးပြီး စီးအောင်ဆောင်ရွက်ရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး တံတားတည် ဆောက်ရေးလုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကာ ဝန်ထမ်းများ အတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြသည်။

ယင်းနောက် ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက် အခြေခံပညာမူလွန်ကျောင်းအတွင်း မျိုးဆက်သစ် ကလေးငယ်များအား နွေရာသီဘောလုံးသင်တန်းဖွင့်လှစ်ပို့ချနေမှုကို အားပေးကြည့်ရှုခဲ့ပြီး သင်တန်း နည်းပြများနှင့် သင်တန်းသားများအတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြကာ ဘောလုံး အားကစားလေ့ကျင့်မှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ဧည့်ရိပ်သာခန်းမဆောင်၌ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ ပူတာအိုလွင်ပြင်ဒေသ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးရေး ကွင်းဆင်းအဖွဲ့ဝင်များနှင့် အတူ ပူတာအိုမြို့ပေါ်ရပ်ကွက်များ သောက်သုံးရေဖူလုံစွာပေးနိုင်ရေးနှင့် လျှပ်စစ်မီး ဖြန့်ဖြူးပေးနိုင်မှု အခြေအနေများ၊ ကွင်းဆင်းအဖွဲ့၏ ကွင်းဆင်းစစ်ဆေးမှုအပေါ် သုံးသပ်တင်ပြချက်များနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ပြည်နယ်ပြန်/ဆက်