မဟာအောင်မြေမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စိတ်ကြိုက်ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ

မဟာအောင်မြေ မေ ၁၉

မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ စိတ်ကြိုက်ပုံပြင်ပြောပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲတွင် မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုဘိုဟန်က ကလေးသူငယ် ကျောင် းသား/ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး သွက်လက်ထက်မြက်စေရန်၊ အများသူငှာရှေ့တွင် ရဲဝင့်စွာ ပြောရဲ၊ဆိုရဲရှိစေရန်၊ စာ‌ပေဖတ်ရှု‌လေ့လာရာတွင် ပိုမိုစိတ်ဝင်စားမှုရှိစေရန်စသည့် ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲကျင်းပပြုလုပ်ပေးရခြင်းဖြစ် ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး စိတ်ကြိုက်ပုံပြင်ပြောပြိုင်ပွဲကျင်းပရာ ကျောင်းသား/ကျောင်းသူ(၉)ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို မြို့နယ်ဦးစီးအရာရှိက အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း