မူဆယ်မြို့၌  ၂၀၂၂-၂၀၂၃  ဒေသန္တရစီမံကိန်းရည်မှန်းချက်   တာဝန်ပေးအပ်ပွဲ အခမ်းအနားပြုလုပ်

မူဆယ် မေ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့  ခရိုင်/ မြို့နယ် စုပေါင်းရုံးခန်းမ၌ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက် တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပြုလုပ်သည်။

အခမ်းအနားတွင် မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်စီမံကိန်းဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မင်းသိန်းက လာမည့် ၂၀၂၃ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက် အကောင်အထည်ဖော်နိုင်ရေး၊ မူဆယ်ခရိုင် အနေဖြင့် ၂၀၂၂ -၂၀၂၃ အတွက်  ၄.၈ ရာခိုင်နှုန်း လျာထားပြီး တိုးတက်လာနိုင်ကြောင်းနှင့် ၂၀၂၀-၂၁-၂၂ တွင်လည်း ပြည်ထောင်စုဘတ်ဂျတ်မှာနည်းပါးနေပြီး ပြည်နယ်ဘတ်ဂျတ်မှာ မြင့်မားလျက်ရှိ ကြောင်း  Power Point ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက် တာဝန်များကို မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးမှ ပေးအပ်ခဲ့ရာ ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးဆွေမှ လက်ခံရယူခြင်း၊ တည်ဆောက်ရေးဆိုင်ရာ စီမံကိန်းရည်မှန်းချက်များအား ခရိုင်လမ်းဦးစီးဌာနမှူး ဦးအောင်သက်ဆွေမှ လက်ခံရယူခြင်း၊ မူဆယ်မြို့နယ်၏ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များအား မူဆယ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းနှင့် နမ့်ခမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းနိုင်တို့မှ လက်ခံရယူသည်။ အခမ်းအနားသို့ ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ နမ့်ခမ်း၊ ကွတ်ခိုင်များမှဌာနဆိုင်ရာများ တက်ရောက်ကြောင်း သိရသည်။

ချယ်ရီမြေ၊(မူဆယ်)