တာချီလိတ်မြို့ စံလင်းဖြိုးကိုဗစ်(စင်တာ)မှလာအိုနိုင်ငံ နေရပ်ပြန်အလုပ်သမား (၁၈၁)ဦးကို နေရပ်သို့ပြန်လည်ပို့ဆောင်

တာချီလိတ် မေ ၁၉

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် လာအိုနိုင်ငံမှ နေရပ်သို့ပြန်လာကြသည့် ရွှေ့ပြောင်းမြန်မာအလုပ်သမားအမျိုးသား အမျိုးသမီးစုစုပေါင်း(၁၈၁)ကိုယမန်နေ့ နေ့လည် ၁၂ နာရီအချိန်၌ မော်တော်ယာဉ်များဖြင့် မိမိနေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် မေ(၁၄)ရက်နေ့က မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ ဝမ်ပုံဆိပ်ကမ်းမှ ပြန်လည်ဝင်ရောက်လာခဲ့ကြရာတွင်စံလင်းဖြိုး Quarantine Centre ၌ ရောဂါပိုး စောင့်ကြည့်စစ်ဆေးနိုင်ရန် (၇) ရက် နေထိုင်ရကြောင်း၊ သတ်မှတ်ကာလအတွင်း နှာခေါင်းနှင့်အာခေါင်တို့ဖတ်( ၂ )ကြိမ်ထပ်မံရယူစစ်ဆေးခဲ့ရာ၌  အမျိုးသမီးတစ်ဦး Positive တွေ့ရှိပြီး ( ၁၈၁) ဦး ကိုဗစ်-၁၉ ရောဂါနှင့် ဗီဇပြောင်း    အိုမီခရွန် ရောဂါပိုးကင်းစင်ကြောင်းအတည်ပြုချက်ရရှိသဖြင့် မိမိနေရပ် တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ပြန်လည်ပို့ဆောင်ပေးခြင်းဖြစ်ကြောင်း၊ အဆိုပါအမျိုးသမီးကို ဆက်လက်၍ သတ်မှတ်ကာလထိ Quarantine ထားရှိပြီး ကျန်းမာရေးစောက်ရှေက်မှုပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နေရပ်ပြန်ရွှေ့ပြောင်းအလုပ်သမားများကို ခရိုင်/မြို့နယ် ကြက်ခြေနီအသင်းဝင်များက ကူညီစောင့်ရှောက်ပေးလျက်ရှိပြီး၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေးနှင့် အရေးပေါ်တုန့်ပြန် ဆောင်ရွက်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဦးကျော်က လိုအပ်ချက်များဖြည့်ဆည်းဆောင်ရွက်ပေးကာ တာဝန်ရှိသူများက လိုက်ပါပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ယာဆေး ( ပြန်/ဆက်)