တာချီလိတ်မြို့၌ ထိုင်းနိုင်ငံမှ နေရပ်ပြန် မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့် ပြစ်ဒဏ်မှ လွတ်မြောက်လာသူ စုစုပေါင်း( ၉၆ )ဦးကို တာဝန်ရှိသူများလက်ခံ

တာချီလိတ် မေ ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှလွဲပြောင်းပေးလာသည့် ရွှေ့ပြောင်း မြန်မာအလုပ်သမားများနှင့်ပြစ်ဒဏ်မှလွတ်မြောက်လာသူ စုစုပေါင်း(၉၆)ဦးကို တာဝန်ရှိသူများက ယနေ့နံနက် ၁၀ နာရီအချိန်က မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား ၂ တွင် လက်ခံခဲ့ကြသည်။

နေရပ်ပြန် ရွှေ့ပြောင်းမြန်မာအလုပ်သမားအမျိုးသား အမျိုးသမီးစုစုပေါင်း(၅၃)ဦးနှင့် ပြစ်ဒဏ်မှ လွတ်မြောက်လာသူအမျိုးသား/အမျိုးသမီး စုစုပေါင်း ( ၄၃ )ဦးတို့ကို တာချီလိတ် နယ်မြေခံတပ်မှ ဗိုလ်မှူးကြီးမင်းမင်းထွန်းနှင့်ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌခရိုင်အုပ်ချုပ်ရေးမှူးဦးမြင့်နိုင်၊မြို့နယ်အုပ်ချုပ်ရေးမှူးဦးတင်ဦးကျော်နှင့်တာဝန်ရှိသူများကလက်ခံခဲ့ကြသည်။

နေရပ်ပြန်များကို ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါနှင့်ဗီဇပြောင်းအိုမီခရွန်ရောဂါ ရှိ/မရှိ စစ်ဆေးမှုများပြုလုပ်ပြီးဝမ်လုံး Quarantine Centre သို့ပို့ဆောင်ခဲ့ကြသည်။ နေရပ်ပြန်များကို ဝမ်လုံး Quarantine Center တွင် (၇) ရက်ထားရှိပြီး ကျန်းမာရေးစစ်ဆေးမှု( ၂ )ကြိမ်ထပ်မံ ပြုလုပ်ကာ ရောဂါပိုးကင်းစင်သူများကို နေရပ်သို့ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။

ယာဆေး ( ပြန်/ဆက်)