အလုံ မေ ၁၈
လူငယ်၊ လူရွယ်များ စာဖတ်ရှိန်မြှင့်တင်ရန်၊ အသိပညာဗဟုသုတများရရှိစေရန်နှင့် အများရှေ့တွင် ရဲဝံ့စွာပြောဆိုနိုင်မှု စွမ်းရည်တိုးတက်စေရန်အတွက် ရည်ရွယ်ကာ ကဗျာရွတ်ဆို ပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲကို ယမန်နေ့နံနက် (၁၁:၀၀)နာရီ အချိန်က အလုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်ချိုက လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ယခုလိုပြိုင်ပွဲများ ကျင်းပရခြင်းဖြစ်ကြောင်း၊ နွေရာသီကျောင်းပိတ်ရက်များတွင် သင်တန်းများ၊ ပြိုင်ပွဲများ၊ အားကစားလှုပ်ရှားမှုများ ဆောင်ရွက်မည်ဖြစ်သဖြင့် ပါဝင်ကြရန်နှင့် ပြိုင်ပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ ပြိုင်ပွဲတွင် အလယ်တန်းနှင့် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၀)ဦးက ပြိုင်ပွဲဝင်ခဲ့ပြီး ဆုရရှိသူများနှင့် ပြိုင်ပွဲဝင်များအား ဆုချီးမြှင့်ခြင်းနှင့် လက်ဆောင်များပေးခြင်းကို တာဝန်ရှိသူများက ဆောင်ရွက်ခဲ့သည်။
အလုံမြို့နယ်ရုံးအနေဖြင့် လူငယ်များအား ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူငယ်ဘက်စုံ ဖွံ့ဖြိုးတိုးရေးအတွက် သင်တန်းများ၊ ပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများနှင့် ဟောပြောပွဲများစသည့် အသိပညာပေးလုပ်ငန်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ စဉ်ဆက်ပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တင်တင်ချို