လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ညောင်ကျေးရွာတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်

လှိုင်သာယာ(အရှေ့ပိုင်း) စက်တင်ဘာ ၄

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ဒေသနေပြည်သူများ မိုးရာသီ ကာလအတွင်း သွားရေး လာရေး လွယ်ကူအဆင်ပြေစေရန်၊ ဒေသဖွံ့ဖြိုးတိုးတက်စေရန်နှင့် မြို့ပြအင်္ဂါရပ်နှင့် အညီ ဖွံ့ဖြိုးရေးလုပ်ငန်း များကို ယမန်နေ့ မွန်းလွဲ ပိုင်းက ညောင်ကျေးရွာရှိ ရွာလယ်လမ်းမတွင် ရေစီးရေလာ ကောင်းမွန်ရေးနှင့် အုပ်စီရေမြောင်း များအား ကွင်းဆင်း ဆောင်ရွက် ခဲ့သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် လှိုင်သာယာမြို့နယ် အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်၊ မြို့နယ် စည်ပင်မှ တာဝန်ရှိသူများ၊ အုပ်ချုပ်ရေးမှူး၊ ရပ်/ကျေးအလုပ်အမှုဆောင်များနှင့် အဖွဲ့ဝင် တို့က ပူးပေါင်း၍ ညောင်ကျေးရွာတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန် အုတ်စီ ရေမြောင်းများ ဆောင်ရွက်နေသည့် လုပ်ငန်းခွင်သို့ သွားရောက် ၍ ပြီးစီးမှုအခြေအနေနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ပြီးစီးနိုင်ရေး နှင့် စံချိန်စံညွှန်းပြည့်မီစေရေး အလေးထား ဆောင်ရွက်ကြရန် စသည့်လိုအပ်ချက်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ထွန်းထွန်းနိုင်(ပြန်/ဆက်)