ကျောက်တန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေး မြေစိုက်ပိုစတာစိုက်ထူ

ကျောက်တန်း စက်တင်ဘာ ၄

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားလျက်ရှိသော ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် BRAC Myanmar တို့ ပူးပေါင်းကာ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးမြေစိုက်ပိုစတာကို ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့ မြို့အဝင်၌ ယမန်နေ့ နေ့လယ်ပိုင်းက စိုက်ထူခဲ့ကြောင်း သိရသည်။

အဆိုပါ မြေစိုက်ပိုစတာတွင် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်များ၊ ပြည်သူ များ လိုက်နာရမည့် ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများ တွေ့ရှိပါက မဖြစ်မနေ သက်ဆိုင်ရာ သို့ သတင်းပေးပို့ပြီး ပူးပေါင်းပါဝင်ကြရန် စသည့်အချက်များ ပါဝင်ကြောင်း သိရ သည်။

ထိုသို့ဆောင်ရွက်ရာတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးဝင်းရွှေ ၊ ဦးအောင်ကိုကို (စီမံချက်မန်နေဂျာ BRAC Myanmar)၊ ဦးဇေယျာဦး(မြို့နယ်တာဝန်ခံ BRAC Myanmar)နှင့် တာဝန် ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခင်ဆွေဝင်း  (ကျောက်တန်း)