ရန်ကင်း မေ ၁၇
၁၇.၅.၂၀၂၂ ရက်နေ့ နံနက် ၆:၀၀ နာရီက ရန်ကင်းမြို့နယ်၊ အမှတ်(၈) ရပ်ကွက်၊ ကံဘဲ့စည်ပင်အိမ်ရာဝင်း အတွင်းသို့ Mobile Market စျေးကားများဖြင့် စတင်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
စားသုံးသူပြည်သူများ အဆင်ပြေစေရေး အိမ်ရာအရောက် Mobile ကားများဖြင့် စျေးနှုန်းချိုသာစွာ ရောင်းချပေးနေမှုများမှာ ပြည်သူများအတွက် စားဝတ်နေရေး အခက်အခဲအား တစ်ဖက်တစ်လမ်းမှ ကူညီ ဆောင်ရွက်ပေးနေသည်ကို သိရှိရသည်။
ရပ်ကွက်နေ ပြည်သူများ၊ စည်ပင်အိမ်ရာဝင်းအတွင်းရှိ ဝန်ထမ်းများ၊ မိသားစုများ အဆင်ပြေစွာနှင့် စျေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရန် Mobileကားများဖြင့် လာရောက် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထို့နောက် စားသုံးသူပြည်သူများအနေဖြင့် စျေးသို့သွားရောက်ဝယ်ယူရန် မလိုအပ်သည့်အတွက် အချိန်ကုန်ပြီးစျေးနှုန်း သက်သာစွာနှင့် ဝယ်ယူနိုင်ရန်အတွက် Mobile Market ဖြင့် အိမ်အရောက် လိုက်လံရောင်းချပေးလျက်ရှိရာ အဆင်ပြေပြီး စျေးနှုန်းသက်သာသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း စည်ပင်အိမ်ရာဝင်းအတွင်း နေထိုင်သူ ဦးနေမျိုးမှ ပြောကြားခဲ့ကြောင်း သိရသည်။
သို့ဖြစ်ရာ လိုက်လံရောင်းချရာတွင် အဆင်ပြေမှုရှိစေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များမှ ပေါင်းစပ်စီစဉ် ကြီးကြပ်ကာ ဝယ်ယူသူပြည်သူများ အဆင်ပြေစေရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
အိရွှေစင်