လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ၂၀၁၉−၂၀၂၀ တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် လမ်းကွန်ကရစ်ခင်း ဆောင်ရွက်နေမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှု

လှိုင်သာယာ(အနောက်ပိုင်း) စက်တင်ဘာ ၄

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အမှတ်(၁၁)ရပ်ကွက်ရှိ ပုဂံလမ်းတွင် မိုးတွင်းကာလ သွားလာရေး အဆင်ပြေစေရန်နှင့် လမ်းများပေါ်တွင် ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရန် လမ်းကွန်ကရစ်ခင်း ဆောင်ရွက်နေမှုနှင့် ကွန်ကရစ်ခင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ယမန်နေ့ မွန်းလွဲပိုင်းက လှိုင်သာယာ မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စား လှယ် ဦးအေးဗိုလ်၊ အမှတ်()တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ၊ မြို့နယ် ရပ်/ကျေး အလုပ်အမှုဆောင် များနှင့်  သက်ဆိုင်ရာတာဝန်ရှိသူများက ရေရှည်ခိုင်ခံ့မှုရှိစေရေး  အရည့်အသွေးပြည့်မီရေး ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် လှိုင်သာယာမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ တင်ပြတောင်းဆိုမှုကြောင့် တိုင်းဒေသ ကြီးအစိုးရမှ စီမံ ဆောင်ရွက်ပေးမှုဖြင့် (၂၀၁၉၂၀၂၀) တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ် အမှတ်(၁၂)ရပ်ကွက်ရှိ ပုဂံလမ်း ကွန်ကရစ်ခင်းခြင်း ဆောင်ရွက်နေမှုနှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေ အနေများအား ကွင်းဆင်းကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

မြသန္တာဝင်း(ပြန်/ဆက်)