ကျိုက်မရော၌ အသက်သုံးနှစ်မှ ခုနစ်နှစ်အတွင်း ကလေးငယ်များအား ဆုံဆို့နာရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေး

ကျိုက်မရော  မေ  ၁၇

မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ် ကျန်းမာရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မိခင်နှင်ကလေးစောင့်ရှောက်ရေးအသင်းရုံး၌ အသက်သုံးနှစ်မှ ခုနစ်နှစ်အတွင်း ကလေးငယ်များအား ဆုံဆို့နာရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကိုမေလ၁၇ရက် နံနက်၉နာရီက စတင်ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ဆုံဆို့နာ ရောဂါကာကွယ်ဆေးကို နှစ်နှစ်၊ လေးနှစ်နှင့် ခြောက်နှစ်အရွယ် ကလေးများအား ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း ယခုထိုးနှံပေးသော ကာကွယ်ဆေးမှာ အပိုဆောင်း ကာကွယ်ဆေးဖြစ်ကြောင်း၊ ငယ်ရွယ်သော ကလေးငယ်ဘဝမှ ကာကွယ်ဆေးများကို အကြိမ်ပြည့် ထိုးနှံထားပါက ကူးစက်ရောဂါဘေးအန္တရာယ်များ၏ ဒဏ်ကို ခံနိုင်ရည်ရှိပြီး ကျန်းမာပျော်ရွှင်သော မိသားစုဘဝများကို ပိုင်ဆိုင်ရရှိမည်ဖြစ်ကြောင်း ကျန်းမာရေးဆေးခန်းမှ တာဝန်ခံဆရာမကြီးတစ်ဦးက ပြောသည်။

ကျိုက်မရောမြို့နယ်တွင် ဆုံဆို့နာရောဂါ အပိုဆောင်းကာကွယ်ဆေးကို သုံးနှစ်မှ ခုနစ်နစ်အတွင်း ကလေးငယ် (၁၀၀)ဦးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 ချိုမြတ်မြတ်ထွေး (ကျိုက်မရော)