ဟိုပန် မေ ၁၇
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့တွင် အမှတ်(၁၂၉)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ဟိုပင်ကျိုင်းကျေးရွာ၊ ကိုးကန့်ယဉ်ကျေးမှုကျောင်းတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ကျောင်းသားလူငယ်များ ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းများကို သိရှိနားလည်ရေး၊ မော်တော်ဆိုင်ကယ်စီးနင်းရာတွင် သိရှိလိုက်နာရမည့် အချက်များကို အမှတ်(၁၂၉)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူးထွန်းဇော်မျိုးနှင့် ဒုတိယရဲအုပ်ကျော်သူအောင်တို့က အသိပညာပေးဟောပြောခဲ့ရာ ကိုးကန့်ယဉ်ကျေးမှုကျောင်းမှတာဝန်ရှိသူတစ်ဦးက ကိုးကန့်ဘာသာစကားဖြင့်ထပ်ဆင့်ရှင်းလင်းပြောကြားပေးခဲ့ပါသည်။ ထို့နောက် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပါသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ကိုးကန့်ယဉ်ကျေးမှုကျောင်းမှ တာဝန်ရှိသူများ၊ကျောင်းသားကျောင်းသူ(၂၇၀)ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်