“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်၌ Grade-8 သင်ရိုးသစ် (Face to Face) ဆင့်ပွားသင်တန်း ဖွင့်လှစ်

ဟိုပန် မေ ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာအလယ်တန်းအဆင့်   Grade-8 သင်ရိုးသစ် (Face to Face) မြို့နယ်အဆင့်  ဆင့်ပွားသင်တန်းကို  ယမန်နေ့နံနက်ပိုင်းကစတင်၍  အ.ထ.က (ဟိုပန်) ကျောင်း၌ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။

အဆိုပါ သင်းတန်းတွင် ဟိုပန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့် ဆရာ/ဆရာမ (၄၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ မေလ(၁၆)ရက်နေ့မှ (၁၈)ရက်နေ့အထိ နေ့စဉ် နံနက်(၉)နာရီမှ ညနေ(၄)နာရီအချိန်အထိ နည်းပြ ဆရာ/ဆရာမ (၇)ဦးက ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း ဟိုပန်မြို့နယ်၊ မြို့နယ်ပညာရေးမှူး ဦးဝင်းလှိုင်ထံမှ သိရသည်။

ဇင်ဇင်(ပြန်/ဆက်)