လှိုင်သာယာမြို့နယ် မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းမိသားစုများနှင့် စည်ပင်ပန်းဥယျာဉ်ဌာနမှ ဝန်ထမ်းမိသားစုများအား ဆန်အိတ်များလှူဒါန်း

လှိုင်သာယာ(အနောက်ပိုင်း)  စက်တင်ဘာ  ၄

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ်၌ ကိုဗစ်−၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကာလအတွင်း SUNDAY Coffee & Tea မှ လှူဒါန်းထားသည့် ဆန်အိတ်များကို ယမန်နေ့ မွန်းလွဲပိုင်းက  မီးသတ်ဦးစီးဌာနမှဝန်ထမ်းများ နှင့် စည်ပင်ပန်းဉယျာဉ်ဌာနမှ ဝန်ထမ်း မိသားစုများအား  လှိုင်သာယာမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးဗိုလ်၊ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ၊ စည်ပင် သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးစိုးသိန်းအောင်နှင့် မြို့နယ် ရပ်/ကျေး အလုပ်အမှုဆောင် များက မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင်  ပေးအပ်လှူဒါန်းသည်။

အဆိုပါ ပေးအပ်လှူဒါန်းရာတွင် လှိုင်သာယာမြို့နယ် မီးသတ်ဦးစီးဌာန ဝန်ထမ်းမိသားစုများသို့  ဆန်အိတ် တစ်အိတ် လျှင် (၃)ပြည်ပါ အိတ်(၄၀)နှင့် စည်ပင်ပန်းဥယျာဉ်ဌာနမှ ဝန်ထမ်း မိသားစုများသို့ ဆန်အိတ် တစ်အိတ်လျှင်(၃)ပြည်ပါ အိတ်(၃၈) အိတ်တို့ကို လှိုင်သာယာမြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအေးဗိုလ် အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမြတ်မင်းသူ၊ စည်ပင်သာယာ ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးသိန်းအောင် နှင့် မြို့နယ် ရပ်/ကျေး အလုပ် အမှုဆောင်များက မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းမိသားစုနှင့် စည်ပင်ပန်း ဥယျာဉ်ဌာနမှ ဝန်ထမ်းမိသားစုများအား ပေးအပ် လှူဒါန်းခဲ့ပြီး ဝန်ထမ်းမိသားစုများမှ  ကျေးဇူးတင် စကား ပြောကြားခဲ့ကြောင်း သိရသည်။

မြသန္တာဝင်း(ပြန်/ဆက်)