လှိုင် စက်တင်ဘာ ၄
ပြည်သူများ ကိုဗစ်-၁၉ရောဂါမှ ကာကွယ်နိုင်ရန်နှင့် ရောဂါပျံ့ပွားမှု မရှိစေရေးအတွက် ရန်ကုန် အနောက်ပိုင်းခရိုင် လှိုင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌ ယမန်နေ့ နံနက်က မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီသို့ ငွေကျပ် ဆယ်သိန်း လာရောက် လှူဒါန်းခဲ့သည်။
အဆိုပါငွေကျပ် ဆယ်သိန်းအား ကမာရွတ်မြို့နယ် တိုက်အမှတ်(၁၂) ပထမထပ် အနော်ရထာအိမ်ရာဝင်းနေ ဦးကျော်ဇော၊ ဒေါ်ကြိုင်ကြိုင်စိုး သား မောင်ကောင်းခန့်ကျော်၊ သမီး မခိုင်ခန့်ကျော်(အိကစ်) မိသားစုတို့က လာရောက် လှူဒါန်းခဲ့ရာ မြို့နယ် ကိုဗစ်-၁၉ကော်မတီဥက္ကဋ္ဌ ဦးကျော်သက်ဝင်း က လက်ခံရယူခဲ့ကြောင်း သိရှိရပါသည်။
ကြည်ဇေသော်(ပြန်/ဆက်)