စမ်းချောင်း စက်တင်ဘာ ၄
ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော လက်ဖက်ရည်ဆိုင်များအား လိုအပ်ပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး စည်းကမ်းချက်များနှင့် အညီ လိုအပ်လာပါက ပါဆယ်စနစ်ဖြင့် ရောင်းချ ပေးနိုင်ရန် အသိပညာပေးဆောင်ရွက်ခြင်းကို ယမန်နေ့၊ နေ့လယ် ၂ နာရီအချိန်က မြို့နယ် စည်ပင် သာယာရေးရုံးခန်းမတွင် ကျင်းပခဲ့သည်။
ထိုသို့ကျင်းပရာတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးပုည၊ အဖွဲ့ဝင်(၁) ဦးညီညီမြင့်မြတ်၊ မြို့နယ်စည်ပင်မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ဆိုင်ပိုင်ရှင်များ တတ်ရောက်ကြပြီး တာဝန်ရှိသူများက ရပ်ကွက် (၁၈)ခုအတွင်း လက်ဖက်ရည် ဆိုင်ပိုင်ရှင်များကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး စည်းကမ်းချက်များနှင့်အညီ ရောင်းချကြရန်နှင့် စမ်းချောင်းမြို့နယ်ကို Stay At Home ဟု သတ်မှတ်ပါက ဆိုင်များအားလုံး ပါဆယ်စနစ်ဖြင့် ပြန်လည်ရောင်းချ ပေးကြပါရန် ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်ပြီး ဆိုင်ပိုင်ရှင်များမှလည်း သိလိုသည်များကို မေးမြန်းကြပြီး တာဝန်ရှိသူများမှ ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြ ကြောင်း သိရှိရသည်။
ခင်ချောစုဝင်း(ပြန်/ဆက်)