ချီဖွေ မေ ၁၇
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် ယခုရက်ပိုင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မေ ၁၅ ရက်နေ့ ညနေ (၃) နာရီခန့်က ကမ်းပါးမြေပြိုကျ၍ လူနေအိမ်တစ်လုံး ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မြေပြိုမှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်စခန်းမှ ဒုတိယဦးစီးမှူး ဦးအောင်ဖြိုးဝေ ဦးဆောင်သည့် သန္ဓေတပ်ဖွဲ့ဝင် (၁၇)ဦး၊ ရဲတပ်ဖွဲဝင် (၁ဝ) ဦးတို့သည် မီးသတ်ရေယာဉ် (၁)စီးဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး မြေပြိုဘေးခံရသည့် မိသားစုဝင်များအား အမှတ် (၂) စစ်ဘေးရှောင်စခန်းတွင် ယာယီရွှေ့ပြောင်းထားရှိကြောင်း သိရသည်။
ထိုမြေပြိုမှုဖြစ်စဉ်ကြောင့် ချီဖွေမြို့နယ် ရစ်လော်ရပ်ကွက်ရှိ ခြေတံရှည်၊ သွပ်မိုး၊ ထရံကာ (၁၈× ၁၈) ပေ လူနေအိမ်တစ်လုံး ထိခိုက်ပျက်စီးသွားပြီး လူနှင့်တိရစ္ဆာန်များထိခိုက်မှု မရှိကြောင်း သိရသည်။
ဇင်မာဝင်း(ပြန်/ဆက်)