မိုင်းငေါ့မြို့ စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးသီးနှံ စံပြကွက် စိုက်ပျိုးမည့် တောင်သူများအား သွင်းအားစု ထောက်ပံ့ပေးအပ်ပွဲပြုလုပ်

မိုင်းငေါ့ မေ ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့ မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ယနေ့နံနက် (၁၀) နာရီ အချိန်က ၂၀၂၂ - ၂၀၂၃ ခုနှစ် မိုးသီးနှံစံပြကွက် စိုက်ပျိုးမည့် တောင်သူများအား သွင်းအားစုထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် မိုင်းငေါ့မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးကြည်စိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ၊စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးစိုးဇေယျာမျိုးက ၂၀၂၂-၂၀၂၃ ခုနှစ် ၊မိုးသီးနှံစံပြကွက် စိုက်ပျိုးမည့်တောင်သူများအား  စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများအကြောင်းကို  အသေးစိတ် ရှင်းလင်းဆွေး နွေးပြောကြားခဲ့ပြီးနောက်  သွင်းအားစုများဖြစ်သည့် မြန်မာ့ဆန်စပါးသုတေသနဌာန၊ မှော်ဘီမြို့မှထုတ်လုပ်‌‌သော မိုးစပါး(လယ်) အတွက်မှော်ဘီ၂ မျိုးသန့် မျိုးပွားမျိုးစေ့ (၁၀.၀၀)ဧက၊ မှော်ဘီကောက်ညှင်းမွှေး (၁.၅၀)ဧက၊ ကွတ်ခိုင်မြို့နယ်၊ လွိုင်ဆမ်ဆစ် မျိုးသန့်ခြံမှထုတ်လုပ်သော မိုးစပါး(ယာ) အတွက် ကုန်းမြင့်(၂) ယာစပါး (၅)ဧက၊ သစ်စိမ်းမြေဩဇာအဖြစ် အသုံးပြုရန်အတွက် ပိုက်ဆံလျှော် မျိုးစေ့ (၅)ဧက၊ ဆီထွက် သီးနှံအဖြစ် ရတနာ၊ ရေဆင်း စပ်မျိုး၊ နေကြာ-၁၊ (၅)ဧက၊ ယူရီးယား ဓါတ်မြေဩဇာ (၅)အိတ်တို့အား စံပြကွက်စိုက်ပျိုးမည့် တောင်သူများထံသို့  အခမဲ့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြင့်သွယ်(မိုင်းငေါ့၊ပြန်/ဆက်)