ကျိုင်းတုံ မေ ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ နွားမေထုန်မဲ့သားစပ်သင်တန်း(၁/၂၀၂၂)ဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးမှ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါက်တာ ကောင်းမြတ်ဟိန်းက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်နှင့် နွားမျိုးမြှင့်တင်ရေးလုပ်ငန်းများ၊ ယူနစ် Plan အသားစားနွား မွေးမြူရေးစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအား ရှင်းလင်းဆွေးနွေးပြောကြားသည်။
အဆိုပါသင်တန်းသို့ ကျိုင်းတုံခရိုင်အတွင်းမှ သင်တန်းသား ၂၀ ဦးတက်ရောက်ပြီး မေလ ၁၆ ရက်မှ ၂၀ ရက်အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)