မိုးနဲမြို့ နမ့်စလိုင်ချောင်း တာရိုးကျိုးပေါက်မှု ပြန်လည်ပြုပြင်ခြင်းအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

မိုးနဲ   စက်တက်ဘာ   ၄

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင် မိုးနဲမြို့နယ် နမ့်မော်ဆွမ့်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၃၉) အနီး နမ့်စလိုင်ချောင်း  ရေတိုက်စားမှု‌ကြောင့် တာရိုးကျိုးပေါက်မှု ဖြစ်ပွားခဲ့ပြီး သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများနှင့် တောင်သူများစုပေါင်း၍ တာရိုးပြန်လည်ပြုပြင်နေမှုကို လင်းခေး ခရိုင်စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူများက ယမန်နေ့ ညနေ ၃ နာရီအချိန်က ကွင်းဆင်း သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းသို့ သွားရောက်စစ်ဆေးရာတွင် လင်းခေးခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးနိုး‌ဝေနှင့်  အဖွဲ့ဝင်များ ၊ မိုးနဲမြို့နယ် စီမံခန်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးစိုးထွဋ်နှင့် အဖွဲ့ဝင်များက နယ်မြေကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးနိုးဝေက မိုးတွင်းကာလ ရေကြီးရေလျှံ မှုများမဖြစ်ပေါ်စေရေး၊ တာရိုးခိုင်ခန့် စေရေးအတွက် တာရိုးကျိုးပေါက်‌‌နေရာ‌ကို  ယာယီမြေသား အမြန်ဆုံး ပြန်လည်ပြုပြင်ထားရန်၊ လိုအပ်မည့် ကုန်ကျစရိတ်များအား တွက်ချက်၍ တင်ပြသွားရန် စသည်ဖြင့် လမ်းညွှန် မှာကြားခဲ့ကြောင်း  သိရသည်။

မျိုးညွန့်ရွှေ ( မိုးနဲ )