လယ်ဝေးမြို့နယ် အခြေခံပညာအလယ်တန်းအဆင့် Grade-8 (သင်ရိုးသစ်) မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲကျင်းပ

လယ်ဝေး မေ ၁၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ အလယ်တန်းအဆင့် Grade-8(သင်ရိုးသစ်) မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီက လယ်ဝေးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ လယ်ဝေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုဦးက အဖွင့်အမှာစကားပြောကြားပြီး ဒက္ခိဏခရိုင်ပညာရေးမှူး (ကိုယ်စား) လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်နှင်းယုက ဆရာ၊ ဆရာမများအား ကျောင်းသား၊ ကျောင်းသူများကို ပညာသင်ကြားရာတွင် စိတ်ထားစေတနာကောင်းရန်နှင့် သင်ရိုးသစ်များကို စနစ်တကျ ပြန်လည်သင်ကြားပို့ချပေးရန် ပြောကြားသည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဦးအောင်လွင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အခြေခံပညာအလယ်တန်းအဆင့် Grade-8 (သင်ရိုးသစ်) မြို့နယ်အဆင့် ဆင့်ပွားသင်တန်းသို့  သင်တန်းသား/သင်တန်းသူ ဆရာ၊ ဆရာမ (၉၂၃) ဦးတက်ရောက်ကြပြီး သင်တန်းနည်းပြ ဆရာ၊ ဆရာမ(၈၁)ဦးတို့က မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ပထဝီဝင်၊ သမိုင်း၊ သိပ္ပံ၊ စာရိတ္တနှင့်ပြည်သူ့နီတိ/ကာယ ဘာသာရပ်တို့အား မေလ (၁၆) ရက်နေ့မှ မေလ (၁၈) ရက်နေ့အထိ (၃)ရက် ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

နေဇော်ချစ်(ပြန်/ဆက်)