သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် အသိပညာပေး နှိုးဆော်ခြင်းများ အရှိန် အဟုန်မြှင့် ဆောင်ရွက်

 

သီပေါ စက်တင်ဘာ ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင်ကိုဗစ်−၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ် ပေါ်စေ ရန်နှင့် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို  မြို့နယ် စည်ပင် သာယာရေး ဌာနနှင့် ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်း၍  စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းကသီပေါမြို့နယ်အတွင်းရှိ မြို့မစျေး၊  ဝက်ဝံယာယီပျံကျစျေး နှင့်မြို့နယ် အားကစား ကွင်း အရှေ့ ဘက်တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်  သီပေါမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် နှာခေါင်း စည်း (Mask)များကို စနစ်တကျတပ်ဆင်၍သွားလာကြရန်၊ လက်ကိုမကြာခဏ ဆပ်ပြာနှင့် စနစ်တကျ စက္ကန့် ၂၀ကြာဆေးကြောရန်၊ လူထူထပ်သည့်နေရာများသို့ သွားရောက်ခြင်းမှရှောင်ကျဉ်ရန်၊ ကလေးသူငယ်များအား မလိုအပ်ပဲ အပြင်သို့ခေါ်ဆောင်သွားခြင်းမပြုကြရန်နှင့် စျေးရောင်း၊ စျေးဝယ်သူများ နှာခေါင်းစည်း(Mask)များ တပ်ဆင်ကာ ရောင်းဝယ်သွားကြရန် စသည့် ကိုဗစ်−၁၉ ရောဂါကာကွယ်ရေး နှင့်ပတ်သက်သည့် အသိပညာ ပေးခြင်းများကို အသံချဲ့စက်ဖြင့် လိုက်လံအသိပေး နှိုးဆော်ခြင်းများနှင့် လမ်းသွားလမ်းလာပြည်သူများ၊ ကား၊ ဆိုင်ကယ်စီးနှင်းသွားလာ နေသောပြည်သူများနှင့် စျေးအတွင်းရှိ စျေးသူ/စျေးသားများကို နှာခေါင်းစည်း (Mask)အခု(၅၀၀)အား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)