သပိတ်ကျင်းမြို့နယ်၌ အခြေခံပညာအလယ်တန်းအဆင့် (Grade-8) သင်တန်းဖွင့်လှစ်ပို့ချ

သိတ်ကျင်း မေ ၁၅

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၌ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ပညာသင် နှစ် အခြေခံပညာအလယ်တန်းအဆင့် (Grade-8) သင်ရိုးသစ်သင်တန်းဖွင့်လှစ်ပို့ချခြင်းကို ဝါးဖြူတောင်ကျေးရွာ အခြေခံညာထက်တန်းကျောင်းတွင် ယနေ့နံနက်( ၉)နာရီက ဖွင့်လှစ်သင်ကြားပို့ချခဲ့ကြောင်းသိရသည်။

အဆိုပါသင်တန်းဖွင့်လှစ်ပို့ချပွဲအခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဦးဝင်းမောင်က သင်တန်းဖွင့်အမှာစကားနှင့်သင်တန်းစည်းကမ်းများ ပြောကြားခဲ့သည်။ သင်တန်းတွင် သင်တန်းနည်းပြ(၂၄)ဦးမှ သင်တန်းဘာသာရပ် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီဝင်၊ သမိုင်း၊ သိပ္ပံ၊ စာရိတ္တနှင့်ပြည်သူ့နီတိ၊ ကာယပညာတို့ကိုမေလ(၁၆)ရက်နေ့မှ မေလ(၁၈) ရက်နေ့အထိ နံနက်(၉)နာရီမှ ညနေ (၄)နာရီအထိ ပို့ချသင်ကြားသွားမည်ဖြစ်ပြီး အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့် သင်တန်းသား/သူ ဆရာ/ဆရာမ (၂၅၆)ဦး တက်ရောက်လျက်ရှိကြောင်းသိရသည်။

စိုးနိုင်ဝင်း( သပိတ်ကျင်း)