နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း(အောင်ပန်း) သင်တန်းအမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲကျင်းပ

အောင်ပန်း မေ ၁၆

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း(အောင်ပန်း)လျှပ်စစ်သင်တန်း၊ ဂဟေသင်တန်း၊ မော်တော်ယာဉ်စက်ပြင်သင်တန်း၊ ဆောက်လုပ်ရေးသင်တန်းနှင့် လက်ကိုင်ဖုန်းပြင်သင်တန်းအမှတ်စဉ်(၂)သင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၁၁)နာရီက အောင်ပန်းမြို့ စက်မှုလက်မှုသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနအနေဖြင့် နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း(၄၄)ကျောင်း၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း(၁၀)ကျောင်းနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း(၄၅) ကျောင်းကို ဖွင့်လှစ်ပေးပြီး တိုင်းရင်းသား တိုင်းရင်းသူလေးများ၏ ပညာရည်မြင့်မားရေးနှင့် ဘဝရပ်တည်မှုခိုင်မာစေရန်အတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် အသိပညာအတတ်ပညာများ သင်ကြားပို့ချပေးလျက်ရှိပါကြောင်း၊ ဒီသင်တန်းကျောင်းမှ နယ်စပ်ဒေသများအပါအဝင် ကျေးလက်နေတိုင်းရင်းသားပြည်သူ၏ မြို့ပြနေဆင်းရဲနွမ်းပါးသူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး၊ တတ်မြောက်ထားသည့် အသက်မွေးဝမ်းကျောင်းပညာရပ်များဖြင့် မိမိဒေသဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်သော ဒေသခံလူငယ်များအား မွေးထုတ်ပေးနိုင်ရေးနှင့်အကြောင်းအမျိုးမျိုးကြောင့်ခြေခံပညာဆက်လက်သင်ကြား နိုင်ခြင်းမရှိသည့် တိုင်းရင်းသားလူငယ်များအတွက်ရည်ရွယ်ပြီး ဦးစားပေးဖွင့်လှစ်ထားသောသင်တန်းကျောင်းဖြစ်ပါကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် သင်တန်းအမှတ်စဉ်(၂) အဖြစ်(၂၂)ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးမည့် သင်တန်းများမှာအိမ်တွင်းလျှပ်စစ်မီးသွယ်တန်းခြင်းနှင့်Air-con ပြုပြင်ထိန်းသိမ်းခြင်း ဘာသာရပ်များ ပါဝင်သည့် လျှပ်စစ်သင်တန်း၊ စတီးဂဟေ၊ လျှပ်စစ်ဂဟေနှင့် ဓာတ်ငွေ့ဂဟေဘာသာရပ်များ ပါဝင်သည့် ဂဟေသင်တန်း၊ ဓာတ်ဆီကားအင်ဂျင်ဆိုင်ရာ၊ ကားလျှပ်စစ်ပိုင်းဆိုင်ရာ ကားအောက်ပိုင်းပြုပြင် ထိန်းသိမ်းခြင်းဆိုင်ရာ ဘာသာရပ်များပါဝင်သည့် မော်တော်ယဉ်စက်ပြင်သင်တန်းလက်သမား ပန်းရံ၊သံချည်သံကွေးနှင့် အလူမီနီယမ်ဖြင့်ပြုလုပ်သော ပရိဘောဂများပါဝင်သည့် ဆောက်လုပ်ရေးသင်တန်း Android ဖုန်းနှင့် iPhoneများပြုပြင်ခြင်း ပါဝင်သည့် လက်ကိုင်ဖုန်းပြင်သင်တန်းဖြစ်ပါကြောင်း၊ လျှပ်စစ်သင်တန်းသားများအတွက် စက်ရုံအလုပ်ရုံများတွင်မော်တာများကို ထိန်းချုပ်သည့် စနစ် Program logic control(PLC)သင်တန်းနှင့် မော်တော်ယာဉ်စက်ပြင်သင်တန်းများအတွက် ကွန်ပျူတာထိန်းချုပ် စနစ်များပါဝင်သော အဆင့်မြင့် Electronic Fuel Injection   (EEI) သင်တန်းများကိုလည်း ဖွင့်လှစ်ရန် လျာထားပါကြောင်း၊ သင်တန်းများကိုမှာကြားလိုသည်မှာသင်တန်းကာလ ပြီးမြောက်သည်အထိ တက်ရောက်သွားကြရန်ပြောကြားသည်။

ဆက်လက်၍ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံး ပြည်နယ်ဦးစီးမှူး ဦးဝင်းရွှေမှ သင်တန်းဆိုင်ရာအချက်အလက်များ ရှင်းလင်းတင်ပြပြီးပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများက သင်တန်းသားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ ဖုန်းပြင်သင်တန်းခန်း၊ လျှပ်စစ်နှင့် Air-con သင်တန်းခန်း၊ မော်တော်ယာဉ်ပြုပြင်မည့်သင်တန်းကို လှည့်လည်ကြည့်ရှုကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)