စစ်တွေ မေ ၁၆
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ခရိုင်ဘဏ်ခွဲ၊ စစ်တွေမြို့မှ တောင်သူဦးကြီးများအား ၂၀၂၂ -ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးခြင်း အခမ်းအနားကို ယနေ့နေ့လယ်ပိုင်းက စစ်တွေခရိုင်ဘဏ်ခွဲ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးခြင်းအခမ်းအနားတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ရခိုင်ပြည်နယ် ဘဏ်ခွဲမန်နေဂျာ ဦးဘကျော်တင်က ၂၀၂၂ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို မေလ ၁၆ ရက်နေ့မှစတင်ကာ ထုတ်ချေးပေးလျက်ရှိကြောင်းနှင့် တောင်သူလယ်သမား ဦးကြီးများကလည်း သီးနှံပေါ်ချိန်တွင် ချေးငွေများအချိန်မီ ပြေကျေစွာပေးဆပ်ပြီး နောက်ချေးငွေသစ် သစ်ထပ်မံရယူခြင်းဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ပေးကြစေလိုကြောင်း ပြောကြားသည်။ ဆက်လက်၍ ခရိုင်ဘဏ်ခွဲမန်နေဂျာ ဦးမိုးဇော်ရွှေက ချေးငွေများ ထုတ်ချေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ခရိုင်ဘဏ်ခွဲမန်နေဂျာနှင့် ဝန်ထမ်းများက တောင်သူဦးကြီးများအား ချေးငွေများ ထုတ်ချေးပေးကြသည်။
အဆိုပါ ချေးငွေထုတ်ချေးရာတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ခရိုင်ဘဏ်ခွဲ၊ စစ်တွေမြို့အနေဖြင့် သင်ပုန်းတန်းကျေးရွာအုပ်စုမှ တောင်သူ ၄၂ ဦးအား လယ်ဧက ၂၄၈ ဧကအတွက် ချေးငွေ ၃၇၂ သိန်း ကိုထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)