ရန်ကင်းမြို့နယ်တွင် မြန်မာနိုင်ငံဆန်ကုန်သည်ကြီးများအသင်း၏ အစီအစဉ်ဖြင့် ဆန်၊ ဆီ၊ ကြက်ဥများ ရောင်းချ

ရန်ကင်း မေ ၁၆

ယနေ့နံနက် ၁၀:၀၀ နာရီအချိန်က ရန်ကင်းမြို့နယ်၊ အမှတ်(၁၁) ရပ်ကွက်၊ ဘူတာရုံလမ်း၊ ကံဘဲ့တာဝါရှေ့တွင် မြန်မာနိုင်ငံဆန်ကုန်သည်ကြီးများအသင်း၏အစီအစဉ်ဖြင့် ဆန်၊ ဆီ၊ ကြက်ဥများကို ရပ်ကွက်နေပြည်သူများ အဆင်ပြေစွာနှင့်စျေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရန် လာရောက်ရောင်းချလျက်ရှိကြောင်း သိရသည်။

ထို့နောက် စားသုံးသူပြည်သူများအနေဖြင့် စျေးသို့သွားရောက်ဝယ်ယူရန် မလိုအပ်သည့်အတွက် အချိန်ကုန်ပြီးစျေးနှုန်းသက်သာစွာနှင့် ဝယ်ယူနိုင်ရန်အတွက် မြန်မာနိုင်ငံဆန်ကုန်သည်ကြီးများအသင်း အကူအညီဖြင့် လိုက်လံရောင်းချပေးလျက်ရှိကြောင်း သိရှိရသည်။

သို့ဖြစ်ရာ လိုက်လံရောင်းချရာတွင် အဆင်ပြေမှုရှိစေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များမှ ပေါင်းစပ်စီစဉ်ကြီးကြပ်ကာ ဝယ်ယူသူပြည်သူများ အဆင်ပြေစေရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

အိရွှေစင်(ပြန်/ဆက်)