ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ၂၀၂၂-၂၀၂၃ပညာသင်နှစ်Grade-8 သင်ရိုးသစ် သင်တန်းတက်ရောက်သူ ပညာရေးဝန်ထမ်းများနှင့်တွေ့ဆုံ

ပင်းတယ မေ ၁၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade-8သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းတက်ရောက်နေသည့် ပညာရေးဝန်ထမ်းများတွေ့ဆုံပွဲ အခမ်းအနားကို ယနေ့ နေ့လည် (၁)နာရီက ပင်းတယမြို့၊ အခြေခံပညာ အထက်တန်းကျောင်း  ( ကြို/ သက်) ၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ အခမ်းအနားတွင် ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအာကာလင်းမှ လာမည့် ဇွန်လ(၁)ရက်နေ့မှာ မြန်မာနိုင်ငံတစ်ဝန်းရှိ အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားတော့မည်ဖြစ်၍ ဆရာ/ ဆရာမများအနေဖြင့် သင်ရိုးသစ်သင်ခန်းစာများကို ကျောင်းသူ၊ ကျောင်းသားများအား စေတနာအပြည့်အဝဖြင့် စနစ်တကျ သင်ကြားတတ်မြောက်စေပြီး၊  အနာဂတ် တိုင်းပြည်တွင်  အရည်အသွေးမြင့်မားပြီး ထူးချွန်ထက်မြတ်သောလူငယ်လူရွယ်များ ထွန်းကားပေါ်ပေါက်စေရန်ရည်ရွယ်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၊ ပညာရေးဝန်ကြီးဌာန လမ်းညွှန်မှုဖြင့် သင်တန်းဖွင့်လှစ် ပို့ချပေးနေခြင်းဖြစ်ကြောင်း၊ အဆိုပါသင်တန်းများမှတဆင့်၊ သင်ကြားပို့ချပေးမည့် ဆရာ/ဆရာမ များအနေဖြင့် ဘာသာရပ်အလိုက် ကျွမ်းကျင်တတ်မြောက်အောင် ကြိုးစားသင်ယူကြပြီး၊ မိမိတို့က ပြန်လည်သင်ကြားပို့ချရာတွင် ကျောင်းသား/ ကျောင်းသူများအားလုံးအမှန်တကယ် အရည်အသွေးမြင့်မားပြီး၊ ပညာရည်ပြည့်ဝရန် သင်ကြားပေးရန်လိုအပ်ကြောင်း၊ မိမိတို့ ဒေသတွင်း ခေတ်မီအေးချမ်းပြီး၊ ငြိမ်းချမ်းစွာဖြင့် ပညာသင်ကြားနိုင်ရန်နှင့် ဒေသဖွံဖြိုး တိုးတက်ရေးအား၊ ပညာရေးဝန်ထမ်းများအနေဖြင့် ဝိုင်းဝန်းကူညီပူးပေါင်း ဆောင်ရွက် ပေးစေလိုကြောင်း အဖွင့်အမှာ စကားပြောကြားခဲ့သည်။ ယင်းနောက် သင်တန်းတက်ရောက် လာကြသည့် ဆရာ/ ဆရာမ ပညာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများအား  ဒေသစီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌမှ ရင်းနှီးချစ်ခင်စွာ လိုက်လံ၍ နှုတ်ဆက်စကားများပြောကြားခဲ့သည်။

ယနေ့ အခမ်းအနားတွင် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပင်းတယမြို့နယ်အတွင်း၊ အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့် ဆရာ / ဆရာမ သင်တန်းသားဦးရေ (၂၃၇) ဦး၊ နည်းပြဆရာ/ဆရာမ (၂၀) ဦး၊ စုစုပေါင်း(၂၅၇)ဦးတို့ တက်ရောက်ခဲ့ကြပြီး၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်Grade-8 သင်ရိုးသစ်မြို့နယ်အဆင့်၊ ဆင့်ပွားသင်တန်းအား မေ ၁၆ ရက်မှ မေ ၁၈  ရက်အထိ (၃)  ရက်ကြာ ဖွင့်လှစ်သင်ကြား ပို့ချပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

အေးအေးလတ်