တန့်ယန်းမြို့နယ်တွင် လုပ်သက်(၂၅)နှစ်အထက် အရန်မီးသတ်တပ်ဖွဲ့ဝင်အား ဂုဏ်ပြု မှတ်တမ်းလွှာပေးအပ်

တန့်ယန်း မေ ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ လုပ်သက်(၂၅)နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သော မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များကို ပြည်ထဲရေးဝန်ကြီးဌာန မီးသတ်ဦးစီးဌာနမှ ပေးအပ်ချီးမြှင့်ခဲ့သည့် ဂုဏ်ပြုမှတ်တမ်းလွှာအား ထပ်ဆင့်ဂုဏ်ပြုပေးအပ်ခြင်း အခမ်းအနားကို မေလ ၁၆ ရက်နေ့ မွန်းလွဲပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝေဖြိုးလွင်က စေတနာ၊ ဝါသနာ၊ အနစ်နာခံလျှက် လူမှုရေးလုပ်ငန်းများတွင် တက်ကြွစွာပါဝင်ကာ (၂၅)နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သော မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များအား မီးသတ်ဦးစီးဌာနမှ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့၍ ထပ်ဆင့်ဂုဏ်ပြုပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်အရန်မီးသတ်တပ်ဖွဲ့မှ တပ်ခွဲမှူး ဦးမြင့်မောင်အား ဂုဏ်ပြုမှတ်တမ်းလွှာကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။       

မင်းလွင်ဦး(ပြန်/ဆက်)